Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လိပ်သိုမြို့အမှတ်(၃)ရပ်ကွက်ရှိ သမ လမ်းသွယ်အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Jul 22,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ သမလမ်းသွယ်အား သွားလာသယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ မြို့စည်ပည်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ် တည်ဆောက်ပေးခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများယခင်က ထက်ပိုမို၍ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာအလုပ်သမားများ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ
Jul 22,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ် သမား အမျိုးသား(၆၉)ဦး၊ အမျိုးသမီး(၂၂)ဦး၊ စုစုပေါင်းအလုပ်သမား(၉၁)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်တရားလွှတ်တော်၌ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ် ဩဂုတ်(၁)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆ…
Jul 22,2022
ကချင်ပြည်နယ်တရားလွှတ်တော် မြစ်ကြီးနားမြို့ တရားမမှုများနှင့် ပတ်သက်၍ တရားရုံးက ထိရောက်မြန်ဆန်သော တရားရုံးအငြင်းပွားမှု ဖြေရှင်းရေးစနစ်များ သတ်မှတ်ဆောင်ရွက်ရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်(၁)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 22,2022
ပဲခူးမြို့၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူ များအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရန်ကုန်-မန္တလေးနှင့်မြို့တော်ခန်းမဘေးရှိ ရေနုတ်မြောင်းပြန်လည်ပြုပြင်ပေး
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်သာယာ လှပစေရေးအတွက် ရက်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များဆယ်ယူခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရန်ကုန်-မန္တလေးလမ်းနှင့်မြို့တော်ခန်းမဘေးရှိရေနုတ်မြောင်းအား ရေစီးရေလာ ကောင်းမွန်ရေး ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ နှစ်စဉ် နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဟင်းချက်စရာသီးနှံများကို နမ္မတူချောင်းမှ ရေကိုရယူလျက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jul 22,2022
ပဲခူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယနေ့ နံနက် ၆ နာရီ မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
Jul 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၇၀)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၃၃)ဦးနှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ(၄၀၂)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ (၅၀၅)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17787
Page
17788
Page
17789
Page
17790
Current page
17791
Page
17792
Page
17793
Page
17794
Page
17795
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department