Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ခရမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jul 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီး ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ခရမ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သခွတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Jul 25,2022
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် ထုတ်လုပ် နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ဥ စိုက်တောင်သူများ နည်းပညာအားနည်းနေ၍ အခက်ကြုံ
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် “ဝ”ဥ ဈေးကောင်းရလာသော်လည်း စိုက်ပျိုးနည်းပညာ အားနည်းနေ၍ တောင်သူများ အခက်ကြုံနေ ရကြောင်း “ဝ”ဥစိုက်တောင်သူများက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်ရှိ နံကပ် (၂) ထပ်တိုက်အိမ် ဖြိုဖျက်သောလုပ်ငန်းခွင်တွင် တိုက်ပြိုကျရာမှ လူ (၃) ဦးထိခိုက်ဒဏ်ရာရရှိပြီး (၂) ဦးသေဆုံး
Jul 25,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ နံကပ်(၂)ထပ်တိုက်အိမ်အား ဖြိုဖျက်သောလုပ်ငန်းခွင်တွင် ယမန်နေ့ညနေ ၃ နာရီကျော်ခန့်က မတော်တဆမှုဖြစ်ပွားရာမှ တိုက်အိမ်ပြိုကျခဲ့ပြီး အဆောက်အဦဖျက်သော လုပ်သား (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ(၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်းနှင့် IP Networking သင်တန်းမျ…
Jul 25,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၈/၂၀၂၂)၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ် (၃၈/၂၀၂၂) နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)များ ဖွင့်ပွဲအခမ်းအနားကျင်းပ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(တတိယအကြိမ်) Booster Dose ထိုးနှံ
Jul 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး၍ (၆)လပြည့်သည့် ပြည်သူများအား(တတိယအကြိမ်) Booster Dose ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ဇီဝကပန်းခြံဓမ္မာရုံ၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17761
Page
17762
Page
17763
Page
17764
Current page
17765
Page
17766
Page
17767
Page
17768
Page
17769
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department