အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကစ၍ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ် နှစ်ပွဲကို မြောင်းမြမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 25,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စုတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ တိုက်ဆိုင်စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အမှတ်(၂၇) ရေတပ်လေ့ကျင့်ရေးတပ်၊ စိုက်ခြံနှင့်မွေးမြူရေးခြံတို့မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကို ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၂)ရပ်ကွက် ရဲစခန်းရှေ့၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမနှင့် သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 25,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ. ထ. က (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။