အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဆရာ၊ ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
Jul 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။
Jul 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှဖွင့်လှစ်သော
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် ယနေ့ နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Jul 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာသတိုးနွယ် ရေးသားထားသည့် သူတို့ဘာကြောင့် အောင်မြင်သွားကြတာလဲ စာအုပ်အား ယနေ့ နံနက်(၁၀)နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး ကျောင်းသား၊ ကျောင်းသူများအား ဆန်ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ အ.မ.က(၂)အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 25,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်သည်လမ်းပန်းဆက်သွယ်ရေးလွယ်ကူသဖြင့် မန္တလေးမြို့နှင့်အခြားမြို့များမှ တိုက်ရိုက်ဝယ်ယူရောင်ချရန် လွယ်ကူနေမှုကြောင့် ပန်းများယခင်ကထက်အဝင်များကာ ပန်းဝယ်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်းပန်းရောင်းသူဈေးသည် ဒေါ်ခင်မျိုး ထံမှသိရသည်။
Jul 25,2022
မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုယမန်နေ့နေလယ် (၁)နာရီက မြို့နယ်ရုံး (Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။