အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့် သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါင်းတည် အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Jul 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ရက်တိုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က  ဘန့်ဘွေးကုန်းအလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 25,2022
မြန်မာနိုင်ငံစာရေးဆရာအသင်း ရွှေပြည်သာမြို့နယ်၏ ပထမအကြိမ် စာပေစကားဝိုင်းနှင့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် မြို့နယ်စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က(လွန်)ဝန်လိုကျောင်းသို့ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။