အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန် ရည်ရွယ်၍ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
Nov 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ စီမံကိန်းဆီထွက်သီးနှံ ဖြစ်သည့် ဆောင်းနေကြာ သီးနှံမျိုးစေ့ချပွဲကို ယနေ့နံနက် (၈)နာရီ၌ သာယာဝဲကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၄) သာယာဝဲကွင်း၊ ဦးပိုင်အမှတ်(၂၃/၂)၊ ဧရိယာ(၆.၈၈)ဧကရှိ ဦးသောင်းလုပ်ပိုင်ခွင့်ရ လယ်မြေအတွင်းမှ ဧရိယာ(၀.၉၉)ဧကတွင် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ချပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 14,2022
ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့  နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Nov 14,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နေ့ပိုင်းကျောင်းဆင်းချိန်က စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများအား စစ်ကိုင်းခရိုင် ပြန်/ဆက် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
Nov 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် အထောက်အကူပြုသည့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 14,2022
၂၀၂၂- ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့တွင် ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။