အမ်း နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်က လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံ၊ လမ်းမများတွင် ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာလှုပ်ရှားနေကြသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါကကွယ်ဆေး အကြိမ်ပြည့်မပျက်မကွက်ထိုးနှံကြရန် စသည်တို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း