Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အလုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၄၁.၅၉) ရာခိုင်နှုန်းရှိ
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၄၁.၅၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ -ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်
Jun 17,2022
မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးတည်ရှိရာ၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်လျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦး ဖြေဆိုအောင်မြင်
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆နာရီ က အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းက ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းများအား ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၇၁၀ ဦးတွင် ၃၅၃ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်ကြေညာ
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားထုတ်ပြန်ကြေညာထားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို အမှက်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများပြား၍ မိဘပြည်သူများ ဝမ်းသာဂုဏ်ယူ
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများ စာရင်းကို ယနေ့ မနက် ၆ နာရီက အခြေခံပညာအထက်တန်းကျောင်း( မိုင်းကိုင်)၌ ကပ်ထားကြေညာပေးခဲ့ရာ ဖြေဆိုအောင်မြင်သူနှင့် ဂုဏ်ထူးရရှိသူများ များပြားသည့်အတွက် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်
Jun 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယနေ့တွင်ထုတ်ပြန်ရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၂၈.၈၇) နှုန်းအောင်မြင်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုများရရှိစေရန် ပြိုင်ပွဲများကျင်းပ
Jun 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အကျင့်များ၊ ဝေါဟာရများကြွယ်ခြင်း၊ အသိပညာဗဟုသုများ ရရှိစေခြင်း၊ အရောင်အသွေးများခွဲခြားတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ညနေ ၄ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံစာစောင်ပြပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17654
Page
17655
Page
17656
Page
17657
Current page
17658
Page
17659
Page
17660
Page
17661
Page
17662
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department