အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2022
၂၀၂၂ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ( ၈)ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများနှင့်အသင်းနည်းပြ၊ အုပ်ချုပ်သူများတက်ရောက်ခဲ့သည်။
Nov 17,2022
မိတ္ထီလာမြို့နယ်တွင်  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 17,2022
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပင်မကျောရိုးလုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အဓိကလိုအပ်ချက်ဖြစ်သော ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များ ပြည့်စုံအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။
Nov 17,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ အထက(၃)စိန်ရတုခန်းမ၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
Nov 17,2022
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်း၌ မြိတ်မြို့ဂေါက်ကွင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမား(၁၂၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
Nov 17,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေး စား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
Nov 17,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ် (၇၀/၂၀၂၂)ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦး အား နိုဝင်ဘာ ၁၇ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။