အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက် ၆ နာရီကစတင်၍ ထုတ်ပြန်လျက်ရှိရာ သာယာဝတီမြို့နယ်၌ တက္ကသိုလ် ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မတ်လ ၃၀ရက်နေ့က ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနဖြစ်သည့် ဒဂုံမြို့နယ် အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်းနှင့် ပညာ​ရေးမှုးရုံးတို့တွင် ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
Jun 17,2022
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို  ဇွန် ၁၇ ရက်နံနက် ၄ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသာ ကိုဗစ်-၁၉ရောဂါ စည်းကမ်းများနှင့်အညီ ထုတ်ပြန်ထားကြောင်း သိရသည်။
Jun 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမည့်နေရာ မြေသန့်မင်္ဂလာ အခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်ပန်းခြံဝန်းအတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် က ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီး၌ နံနက် (၆) နာရီမှစတင်၍ ထုတ်ပြန်ပေးထားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၃၁၈) ဦးရှိပြီး (၁၁၆၆) ဦး အောင်မြင်မှုရရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၀.၃၀) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
Jun 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိ မြို့မရပ်ကွက်အတွင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို အ.ထ.က (လဲချား)စာစစ်ဌာနတွင် ယနေ့ နံနက် (၆)နာရီအချိန်တွင်