မော်လမြိုင် နိုဝင်ဘာ ၁၇
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာ ရှိတဲ့ အခြေခံပညာကျောင်းများကို သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရေး အတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းနေအရွယ် ကလေးလူငယ်များထံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အသိအမြင်များ မျှဝေသင်ကြားရန် လိုအပ် ပြီး လက်တွေ့ဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ကြ စေရန် တိုက်တွန်းအားပေးမှုတွေ၊ တုံ့ပြန်ဆောင်ရွက်မှုတွေကို အလျင်အမြန် အစပျိုး ဖော်ဆောင်ပေးကြရန် လိုကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းဆု ယှဉ်ပြိုင်နိုင်ရေးအတွက် “အမျိုးသား အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေ သောကျောင်းဆု Green School Award National Clean and ဆုချီးမြှင့်ခြင်းအစီအစဉ်” ကို ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆုရရှိ တဲ့ကျောင်းများအနေနဲ့ အဆင့်ဆင့် ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိစေရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းမှ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ ကော်မတီဝင်များမှ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ဖော်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင် ရွက်ထားရှိမှု အခြေအနေအား လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြမှုအပေါ်ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်