ချောင်းဆုံမြို့နယ်တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၁၇

(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ဖတ်ကြားသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ချောင်းဆုံမြို့နယ် (အထက်တန်း၊ အလယ်တန်း)အဆင့်ကျောင်းများမှ ဆုရကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းနှင့် တက်ရောက်လာသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)