အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2022
သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အရပ်မှ မြောက်အရပ်သို့ ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းချောင်းရေသည် ယနေ့ နံနက် (၁၀)နာရီခန့်မှ စတင်ကာ မြို့ပေါ်ရပ်ကွက်များ၏ မြေအနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား / သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား / သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ကို ဇွန် ၁၆ ရက်က အ.မ.က (၂၀) ကျောင်းတွင် ကိုဗစ်-​၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွာသီ‌ကျေးရွာအုပ်စု၊ သံဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းနိုင်ရေး ကွင်းဆင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
Jun 16,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမ သီတာအေးပျိုး ဥယျာဉ်တွင် ပျိုးပင်ပေါင်းနှစ်သောင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ပျိုးထောင်ထားရှိပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကိုလည်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်ကျေးရွာနေ ပြည်သူများအား (အခမဲ့) ဖြန့်ဝေပေးလျက် ရှိကြောင်း လည်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
Jun 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ရိတ်သိမ်းခြင်းနှင့် သမန်းမွှေကိရိယာဖြင့်
Jun 16,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိနေသည့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။