အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သား/သမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြတ် သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦး‌မြတ်သိန်းထွန်း၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jun 23,2022
မိတ္ထီလာမြို့၌ ၂ဝ၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2022
ပျော်ဘွယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းတို့၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။
Jun 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ဝန်ထမ်းများသည်ပြည်သူများနှင့်ဆက်ဆံဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးသိရှိနားလည်ပြီးလုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်မှုကို အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်မှန်ကန်၊ မြန်ဆန်စေရန် ရည်ရွယ်ချက်များဖြင့် ယမန်‎နေ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံးခွဲ(အောင်ပန်း)မြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။