အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး ဧက(၈၁၀၃)ဧကကျော် လျာထားပြီး လျာထားချက်အတိုင်း စိုက်ပျိုးသွားနိုင်ရေး အတွက် ဆောင်းနေကြာသီးသန့်စံကွက်အနေဖြင့် ကျားသောင်ကျေးရွာအုပ်စု၊ ကျားသောင်ကျေးရွာရှိ တောင်သူ ဦးတင်ဌေးဦး၏ စိုက်ကွက်(၄)ဧကတွင် ယနေ့ နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်း ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Nov 22,2022
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် သန်လျင်မြို့မဈေးကြီး၌ ကျင်းပသည်။
Nov 22,2022
ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်မြို့၊ နဝင်းနယ်မြေ၊ နဝင်းကွက်သစ် (၁၀)လမ်းနှင့် (၁၁)လမ်းထောင့်နေရာတွင် ရပ်ကွက်နေပြည်သူများနှင့် ဈေးရောင်းသူပြည်သူများ ရောင်းရေး/ဝယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ယာယီစျေးသစ်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့တာဝန်ရှိသူများ ထံမှသိရသည်။
Nov 22,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၂) ဖွင့်လှစ်ခဲ့ရာ တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွေး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စီးမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်မှပါမောက္ခချုပ်ဒေါက်တာခင်မောင်ချင်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊လက် ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆည်ကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ်အလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးများ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်ပြီး ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်ရုံးရှေ့ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း သိကောင်းစရာ  အသိပညာပေးနံရံကပ်ပြဘုတ်အား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။