Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ ခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ကျက်ဆူတောတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်အတွင်းရှိ စျေးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်စေရေး အသိပေးဆောင်ရွက်
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိစျေးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သဲကုန်းမြို့မစျေး အတွင်းအပြင်ဆိုင်ခန်းများတွင် မီးဘေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုဆန်သည့် အဲန်လူမျိုးများ
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ အဲန်လူမျိုး အများစုနေထိုင်ကြပါတယ်။ အဲန်လူမျိုးများဟာ အနက်ရောင် ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်၍ ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြပြီး သွားမည်းမှ လှတယ်လို့ ယူဆကြတဲ့အတွက် သူတို့ရဲ့သွားတွေကို မည်းနေအောင်ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးများဖြင့် ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးများ၏ ရှေးကြတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နေပါတယ်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် မကြီးထုံးအုပ်စုနေကြာစိုက်တောင်သူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တွေ့ဆုံဆွေးနွေး
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက မကြီးထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၃၅၀ သန်းဖြင့် ဟိုပုံးမြို့တောင်ရပ်ကွက်ရှိ နောင်ဘိုကန် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Nov 23,2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေစဉ် နိုဝင်ဘာ ၂၁ ရက်က ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ မြစ်ရေတင်လုပ်ငန်းများနှင့် စိုက်ပျိုးရေးသုတေသနခြံနေရာသို့ သွားရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီး
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း- ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17556
Page
17557
Page
17558
Page
17559
Current page
17560
Page
17561
Page
17562
Page
17563
Page
17564
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department