အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြောင်းမြခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၈ နာရီ အချိန်က ကျင်းပခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် နည်းပညာတတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မျိုးဆက်သစ်အင်ဂျင်နီယာ မောင် မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့မန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2022
ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးမြင့်တက်လျက်ရှိရာ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ထံမှသိရှိရသည်။
Nov 23,2022
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအခြေခံပညာ အလယ် တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ စာပေထူးချွန်မှုဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက  အ.ထ.က(ခွဲ) စျေးတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁:၃၀ အချိန်က Community Center ခန်းမတွင် ကျင်းပခဲ့သည်။
Nov 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုကိုကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။