အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်​ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ယ​မန်နေ့ နံနက် ၉ နာရီချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရုံးမှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စံပြရွာသစ်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်လျက်ရှိသော ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် (၇၈)နှစ်မြောက် စာဆိုတော်နေ့ အခမ်းအနားကို ယနေ့ နံနက် (၉)အချိန်က ဥသျှစ်ပင်မြို့ မြို့နယ်စာရေးဆရာအသင်း အလင်္ကာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ စိုက်ပျိူးထားရှိမှုအခြေအနေများကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ အ.ထ.က(၁) ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Nov 23,2022
စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမသို့ရောက်ရှိ၍ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆိုပြု စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။