အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ တက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအစည်းအဝေးအား ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွဲ့ဖြိုးရေးဦးစီးဌာနက (  ဝါးကြီးအိုင် ) နေပြည်တော်-မြို့သစ်-ကံပြားလမ်းတို့အား ဆက်သွယ်ထားသော  ကျောက်ချောလမ်းအား အဆင့်မြင့်ကတ္တရာလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
Nov 22,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန် များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယ​နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ကြည့်မြင်တိုင်မြို့နယ်၊ စျေးကလေးရပ်ကွက်၊ စျေးက​လေး (၅)လမ်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် (၈)နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊နည်းပညာတက္ကသိုလ်(ဘားအံ)တွင်ဘာသာရပ်ဆိုင်ရာမိတ်ဆက်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ် းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နည်းပညာတက္ကသိုယ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့်  ကျောင်းသား/သူများတက်ရောက်ခဲ့ကြသည်။
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါခယ်မမြို့နယ်၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ စားသုံးသူရေးရာ အကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ပြုလုပ်ခဲ့သည်။