အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်က စတင်ထုတ်ချေး ပေးလျက်ရှိသည်။
Dec 15,2022
ပြည်ထောင်စုနယ်မြေ၊ ​​နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Dec 15,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပြည်သူများ ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်‌ငွေရရှိပြီး လူမှုဘဝ စီးပွားရေး တိုးတက်မြှင့်မားလာစေရန် အတွက်‌ နိုင်ငံတော်မှ ထုတ်ချေးပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမ‌ပျောက်မတည်ရန် ပုံငွေသိန်း (၃၀၀)ကျပ်ကို ဒီဇင်ဘာလ ၁၄ ရက်နံနက် (၁၀) နာရီတွင် ကဆန်ဒမ်း ကျေးရွာခန်းမ၌ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်သည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.မ.က ပန်တင်ကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို၊ ယမန်နေ့မွန်းလွဲ (၂) နာရီက ရွာလုကျေးရွာ ရွာလယ်ဓမ္မာရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။