Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျုံပျော်မြို့နယ် ဂနိမ်းကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 15,2022
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဂနိမ်းကျေးရွာ၊ ဝဏ္ဏဂုဏ နန္ဒဂုဏ်ရောင် ဓမ္မာရုံအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခတ္တူ-ခုံကြီး သစ်သားတံတားအား သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စုနှင့် ခုံကြီးကျေးရွာ အုပ်စုချင်းဆက် ခတ္တူ-ခုံကြီးသစ်သားတံတားကို သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်ခရိုင်/မြို့နယ် (Working Group)မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ
Dec 15,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ခရိုင်/မြို့နယ်(WorkingGroup) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲန…
Dec 15,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပဟေဠိဉာဏ်စမ်းပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်က ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၊ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေထုတ်ချေးမှုအား တက်ရောက် ကြည့်ရှုအားပေး
Dec 15,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းသည် တိုင်းအဆင့်ဌာနဆိုင်ရာများ ဖြစ်ကြသော အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ခရိုင်မှူးများ၊ မြို့နယ်အဆင့်ဌာန ဆိုင် ရာတာဝန် ရှိသူများလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာ၊ ကျေးချောင်း(မ) ကျေးရွာ၊ ညောင်ငါးပင်(မ) ကျေးရွာများတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု(One Village One Product OVOP )လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇီးကုန်းကျေးရွာမှ တံမြက်စည်းလုပ်ငန်း၊ ကျေးချောင်း (မ)ကျေးရွာမှ ထန်းကုလားထိုင်လုပ်ငန်း၊ ညောင်ငါးပင်(မ)ကျေးရွာမှ ပဲကြော်၊ ပဲလှော်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျေးချောင်း(မ)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Dec 15,2022
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာအတွင်းရှိနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းများအား မြစ်ကြီးနားခရိုင်…
Dec 15,2022
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းများအား မြစ်ကြီးနားခရိုင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့သို့ မိတ်ဆက်ရှင်းလင်းခြင်း၊ ဖြန်ဝေခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17269
Page
17270
Page
17271
Page
17272
Current page
17273
Page
17274
Page
17275
Page
17276
Page
17277
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department