Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ငူ၌ သမိုင်းဝင်မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ…
Dec 15,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ရှိ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီနေထိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်းပြ…
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဥပဒေနှင့်အညီ နေထိုင်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (၂)ကြိမ်နှင့်အထက် ထပ်နေမှုများအား Cross Check ပြုလုပ်ထားရှိမှု ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့လုပ်ဆောင်မှု အခမ်းအနားကို ယမန်နေ့မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာ၌ မြို့အုပ်ချုပ်ရေးမှူးဖလား သဲသောင်ပြင် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား သဲသောင်ပြင် အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက Azura Hotel ရှေ့ ကမ်းခြေသဲသောင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မကွေးမြို့၊ မြို့ဝင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုး…
Dec 15,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ မြို့ဝင်မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့ဝင်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ အပါအဝင် လူဦးရေ( ၄၄၄၇၃၇) ဦး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်မှုမရှိစေရေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်များအဖြစ် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲအထိ အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများ အပါအဝင် လူဦးရေ(၄၄၄၇၃၇)ဦး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု ငြိမ်းအေးကျေးရွာတွင် မြစိမ်းရောင်ချေးငွေ ထုတ်ချေး
Dec 15,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးပေါက်ကုန်းကျေးရွာအုပ်စု ငြိမ်းအေးကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပထမအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က ကျိုက်မရော၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 15,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁နာရီက. အ.ထ.က(ကျိုက်မရော) ပညာ့အားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပ
Dec 15,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲအား ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17268
Page
17269
Page
17270
Page
17271
Current page
17272
Page
17273
Page
17274
Page
17275
Page
17276
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department