သဲကုန်း ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်က စတင်ထုတ်ချေး ပေးလျက်ရှိသည်။
ဆောင်းသီးနှံ စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် တစ်ဧကလျှင် (၁၀၀၀၀၀) နှုန်း ထုတ်ပေးလျက်ရှိပြီး ယနေ့တွင် သဲကုန်းမြို့နယ်ရှိ မင်းလှအုပ်စု၊ ရွာသာယာလေးအုပ်စုတို့မှ တောင်သူ (၁၄၄)ဦး၊ ဆောင်းသီးနှံစိုက်ပျိုးဧက (၈၄၈) ဧကအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သိန်း (၈၄၈) သိန်း ထုတ်ချေးပေးလျက်ရှိကြောင်း သဲကုန်းမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ဝင့်နန္ဒာဌေး ပြန်/ ဆက်