အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ကျောင်းသားကျောင်းသူများ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်လျှပ်စစ်နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများကရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အ.ထ.က အေးမြသာယာတွင် ယနေ့နံနက် ၈ နာရီအချိန်က စစ်ဆေးဟောပြောသရုပ်ပြပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြင်းကပါကျေးရွာ၊ မနုဟာဓမ္မာရုံတွင် ဒေသခံပြည်သူ လူထုနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ မိုးနှောင်းကာလတွင် တောင်သူများအတွက်  စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားရာ ယခုအချိန်တွင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်ကံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက် (၃၅)လမ်းဓမ္မရံသီဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်နှင့် အချင်းချင်းကူညီရိုင်းပင်းခြင်း အလေ့အထကောင်းများ ရရှိလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း အကဲဖြတ်အမှတ်ပေးဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များ အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အုပ်ချုပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၇)ဦး ပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့က နံနက် ၉ နာရီခွဲအချိန်က  ကသဲကျေးရွာအုပ်စု၊ ဘုရားသုံးဆူ အလယ်တန်းစာသင်ကျောင်း၊  နေ့လယ် ၁ နာရီအချိန်တွင် ပြောင်းပြင်ကျေးရွာ အုပ်စု၊ ပြောင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်  မွန်းလွဲ ၃ နာရီအချိန်တွင် တောင်ဒွန်း ကျေးရွာအုပ်စု၊ တောင်ဒွန်းလူမှုရေးခန်းမတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Dec 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။