အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့နံနက် (၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀နာရီက စာရေးဆရာမ မစန္ဒာရေးသားသည့် "ဂျိန်းဂျိန်းဂျုတ်ဂျုတ် ဂျိန်းဂျုတ်ဂျုတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် မုံရွာမြို့သလ္လာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စားသုံးသူသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အနာဂတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်နှင့်အားကစားဖွံဖြိုးတိုးတက်ရေး”ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Center)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် ရေလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာမြေများဖြင့် စပါးစိုက်ပျိုးခြင်းကို အဓိကထားဆောင်ရွက်ကြပြီး အပိုဝင်ငွေရရှိရေးအတွက် ဥယျာဉ်ခြံမြေများတွင် ဟင်းသီးဟင်းရွက်များနှင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ကြသည့်အနက်တွင် ဇော်ကြားပန်းနှင့် ဇော်စိမ်းပန်းပင် စိုက်ပျိုးသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
Dec 15,2022
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍  မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ခပုံ(ရွာဟောင်း) ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့မရပ်ကွက်ရှိ လောကတ္ထစရိယ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။