သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ လူငယ်နှင့်အားကစာဖွံဖြိုးတိုးတက်ရေးဆွေးနွေးပွဲ( Talk Show) ပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အနာဂတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်နှင့်အားကစားဖွံဖြိုးတိုးတက်ရေး”ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Center)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဦးစိုးသက်ပိုင်လွင်က မိမိတို့ဌာနအနေဖြင့် မျိုးဆက်သစ်အားကစားသမားလူငယ်များကို ရှာဖွေပြီး ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်စေခြင်းနှင့် မြို့နယ်အတွင်းအရည်အချင်းရှိသော မျိုးဆက်သစ်အားကစားသမားကောင်းများကိုရွေးချယ်၍ သင်တန်းသားများအဖြစ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းသို့ ပို့ဆောင်စေခြင်းစသည့် အပိုင်း(၂)ပိုင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များဖွံဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ဘက်စုံဖွံဖြိုးရေးအသိပညာပေးဟောပြောပွဲများ၊ အားကစားသရုပ်ပြပွဲများနှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အကျိုးရှိစေမည့် အားကစားသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့်ပြည်သူအသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)