ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာအတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်

ချောင်းဆုံ  ဒီဇင်ဘာ  ၁၅

ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ချောင်းဆုံမြို့နယ်၊ ဒေါင်းဥကျေးရွာအတွင်းရှိနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းဆွေနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တို့မှ ရပ်ကွက်အတွင်းရှိနေအိမ်များအားတစ်အိမ်တက်ဆင်း သွားရောက်၍ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများပြောကြားပြီး လိုအပ်သည်များ ဆောင်ရွက်ထားရှိနိုင်ရေးအသိပေးပြောကြားခဲ့ကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများအေးချမ်းစွာ နေထိုင်စေရေးအတွက် မီးဘေးလုံခြုံရေးများကို အထူးဂရုပြုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ချောင်းဆုံ(ပြန် /ဆက် )