အမြို့မြို့အနယ်နယ်သတင်းများ

Dec 18,2022
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး ) အနော်ရထာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Dec 18,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်  (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း အဆင့် (Grade-9) သင်ရိုးသစ် စာမေး ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  ကြက်ခြေနီရှေးဦးပြုစုနည်းအခြေခံအသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အတွင်းရှိ တည်းခိုခန်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများနှင့် မီးဘေးစိုးရိမ်းရသောနေရာများ မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက်  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 18,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် (၁၅) ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မြက်ခင်းပြင်၌ ကျင်းပသည်။
Dec 18,2022
ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွားရာ ဟားခါးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွေးဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
Dec 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။