Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကာလိမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Dec 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အတွင်းရှိ တည်းခိုခန်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများနှင့် မီးဘေးစိုးရိမ်းရသောနေရာများ မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်
Dec 18,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မြင့်လှိုင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)တွင် ၁၅ ကြိမ်မြောက် “Blooming Fantasy” ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် (၁၅) ကြိမ်မြောက် ပန်းပွဲတော် (Bloomlng Fantasy) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မြက်ခင်းပြင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွား
Dec 18,2022
ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်တွင် ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် ( ၁ ) လုံး မီးလောင်မှုဖြစ်ပွားရာ ဟားခါးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွေးဦးစီးသည့် သန္ဓေတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်ခဲ့ရာ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ပန်းချီဆွဲပြိုင်ပွဲများကျင်းပ
Dec 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 18,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင်လူငယ်များဘက်စုံဖွံ့ဖြိုးတိုက်တက်ဖို့လူငယ်စကားဝိုင်းကျင်းပ
Dec 18,2022
လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ အမှတ်(၂)အခြေခံပညာ ဦးစီးဌာနတို့တို့ပူးပေါင်း ကျင်းပသောလူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ရွှေရတုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုတက္ကသိုလ်တွင်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွ…
Dec 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ဒီဇင်ဘာ ၁၆ ရက်နေ့နံနက် ၁၀နာရီအချိန်က၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17255
Page
17256
Page
17257
Page
17258
Current page
17259
Page
17260
Page
17261
Page
17262
Page
17263
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department