ကျိုက်ထို ဒီဇင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်း အဆင့် (Grade-9) သင်ရိုးသစ် စာမေး ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ နည်းပြဆရာ၊ ဆရာမများ ကရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက (Grade-9) သင်ရိုးသစ်အတွက် စာမေးပွဲ ဆိုင်ရာအချက်အလက်များကို ကဏ္ဍ အလိုက်သင်ကြား ဆွေးနွေးပို့ချပေးခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နည်းပြ (၁၂)ဦးတို့က ဆွေးနွေးပို့ချပေးသွား မည်ဖြစ်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ အထက်တန်း၊ အထက်တန်း(ခွဲ)အလယ်တန်း၊ အလယ်တန်း (ခွဲ) ကျောင်းများမှ ကျောင်း အုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် (Grade-9) သင်ကြားပေး နေကြသော ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၁) ဦးတို့ အား နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်ထိုပြန်/ဆက်