ကမမောင်း ဒီဇင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို မြို့နယ်အတွင်း အခြခံပညာကျောင်းအသီးသီးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိ ကျောင်းသား/သူ(၅၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုချိန်(၁)နာရီအပြီးတွင် လူတွေ့ဆက်လက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါစွမ်းရည်ပြိုင်ပွဲများကို ဖာပွန်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိုင်းကျော်နန္ဒ၊ ဦးစိုင်းချစ်ဦးမောင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
တင်တင်လှ(ပြန်/ဆက်)