ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  ကြက်ခြေနီရှေးဦးပြုစုနည်းအခြေခံ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  ကြက်ခြေနီရှေးဦးပြုစုနည်းအခြေခံအသိပညာပေး ဟောပြောပွဲအား ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီအဖွဲ့၊ အဖွဲ့ဝင်ဦးမြမောင်က ကြက်ခြေနီရှေးဦးပြုစုနည်းအကြောင်း သိကောင်းစရာများအား ဟောပြောခဲ့သည်။ ဆက်လက်၍ ရှေးဦးသူနာပြုစုနည်းအခြေခံ လက်တွေ့လုပ်ဆောင်ခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး သင်တန်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြသည်။

အဆိုပါဟောပြောပွဲအား သင်တန်းသူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွါးလာစေရန်၊ ကြက်ခြေနီရှေးဦးပြုစုနည်း အခြေခံများအား နားလည်တတ်ကျွမ်းစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)