မိုင်းဆတ် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က ကျပန်းစကားပြော ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲကို အ.ထ.က(မိုင်းဆတ်)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦးက လွတ်လပ်ရေးနေ့နှင့်စပ်လျဉ်းသည့် ကြိုက်နှစ်သက်ရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသည့် မဇင်ဇင်ဦးအား အ.ထ.က(မိုင်းဆတ်)မှ အထက်တန်းပြဆရာကြီး ဦးမာဒင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မသီရိနိုင်အား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်ကလည်းကောင်း၊ တတိယဆုရရှိသည့် မောင်ကျော်စည်သူခန့်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်ကလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လွတ်လပ်ရေးနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ မှတ်တမ်းဓါတ်ပုံမျးကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)