ရပ်စောက်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲကျင်းပပြုလုပ်

ရပ်စောက် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ကြီးခရိုင်၊ ရပ်စောက် မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုလှိုင်က ကျောင်းသား/ ကျောင်းသူလေးများအနေဖြင့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်စေရေး ကိုယ်လက် လှုပ်ရှားအားကစားအပြင် အသိပညာတိုးတက်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေရန်နှင့် အားလပ်သောအချိန်ကို စာဖတ်ခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများ ကြိုက်နှစ်သက်သည့် တေဇရုပ်ပြစာအုပ်များနှင့် ပုံပြင်ဝတ္ထုတို စာအုပ်များကို စာအုပ်ပြပွဲအဖြစ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ မူလတန်းအဆင့် ကျောင်းသား/ သူ(၂၅)ဦးတို့က တေဇရုပ်ပြစာအုပ်များနှင့် ပုံပြင်ဝတ္ထုတိုစာအုပ်များကို (၄၅)မိနစ် ဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)