တာချီလိတ်မြို့၌ (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် အမျိုးသား/ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန့်နေ့ ညနေ ၆ နာရီက ခရိုင်ကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကြက်တောင်လူသစ်တန်း အမျိုးသား/ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက် (၄၅)နှစ်နှင့်အထက် နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်အလွတ်တန်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်အလွတ်တန်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ယှဉ်ပြိုင်ကျင်းပခဲ့ရာ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိသော ကစားသမားများအား တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဠ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ခရိုင်/ပြန်ဆက်)