ဘားအံ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ကရင်အနုပညာရှင်များအဖွဲ့(KCO)၏ သီဆိုဖျော်ဖြေမှုများ၊ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြ ဖျော်ဖြေကြသည့် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေး ငယ်များ၏ကပြဖျော်ဖြေမှုများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဝတ်စားဆင်ယင်မှုဝတ်စုံရှိုး(ပြပွဲ)များ၊ ကရင်ရိုးရာယဉ်ကျေးမှု တူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)