အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2022
ရန်ကုန်တိုင်း‌ဒေသကြီး ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၅)မှ (၁၂)နှစ်အထိ က‌လေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၇) ရပ်ကွက်ရှိ ကလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး‌ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အမှတ် (၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
Dec 07,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက် နေ့လယ်၂ နာရီက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ကြောင်းသိရသည်။
Dec 07,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဒေသတွင် တွေ့ရှိရသည့် ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း (၉၄)မျိုးကျော် နေထိုင်ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Dec 07,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အားနိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့်ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမနေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ နိပွန် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့ကမြို့ပေါ်ရှိ တိုက်ပွဲရှောင်ကယ် ဆယ်ရေးစခန်းများသို့ သွားရောက်ပြီးတိုက်ပွဲရှောင် စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များထံသို့ ထောက်ပံ့ပေးခဲကြောင်း သိရသည်။
Dec 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ခန်းမ၌ ကျင်းပသည်။
Dec 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်နှင့် ဝန်ထမ်းများက အ.မ.က(မူလွန်) ဗိုလ်တဲစုကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ဘောလုံးပေါက်ပြိုင်ပွဲ၊ ပူစီဖောင်းမှုတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။