ဒိုက်ဦး ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်နှင့် ဝန်ထမ်းများက အ.မ.က(မူလွန်) ဗိုလ်တဲစုကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ဘောလုံးပေါက်ပြိုင်ပွဲ၊ ပူစီဖောင်းမှုတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးက ဇန်နဝါရီ၄ ရက်နေ့တွင် ကျရောက်မည့် ၇၅နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကိုပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား အစားအသောက်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)