ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေး

ရွှေပြည်သာ  ဒီဇင်ဘာ  ၇

ရန်ကုန်တိုင်း‌ဒေသကြီး ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၅)မှ (၁၂)နှစ်အထိ က‌လေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၇) ရပ်ကွက်ရှိ ကလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

‌ကလေးသူငယ်များ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

‌ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ(၂၇)ခုရှိပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/ ဆရာမများအားအဖွဲ့များခွဲကာ အလှည့်ကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)