ဘူးသီးတောင်မြို့နယ် ရှိတိုက်ပွဲရှောင်ပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ လှူဒါန်းသည့်ဆန်များထောက်ပံ့ပေးအပ်

ဘူးသီးတောင် ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အားနိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့်ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမနေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့ကမြို့ပေါ်ရှိ တိုက်ပွဲရှောင်ကယ် ဆယ်ရေးစခန်းများသို့ သွားရောက်ပြီးတိုက်ပွဲရှောင် စခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များထံသို့ ထောက်ပံ့ပေးခဲကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင်ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၇)ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များရှိလမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ မြတောင်ဘုန်းတော်ကြီးကျောင်း၊ ဂန္ဓာရီဘုန်းတော်ကြီးကျောင်းများရှိ တိုက်ပွဲ ရှောင်စခန်း(၄)ခုရှိ ယာယီနေထိုင်လျက်ရှိသော တိုက်ပွဲကြောင်းတိမ်းရှောင်လာသည့် ပြည်သူ (၃၈၂၂)ဦးတို့အား ဆန်(၅၅၅)အိတ်၊ (၅၇) ပြည်တို့အား တစ်ဦးလျှင်(၁)နေ့ဆန်(၂)ဗူး၊(၂) ပတ်စာတို့အား ထောက်ပံ့ပေးခဲကာ ထောက်ပံ့ရန်ကျန်ရှိသည့် စုရပ်(၃)ခုရှိ တိုက်ပွဲရှောင် ပြည်သူများအား ဆက်လက်ထောက်ပံ့ပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါး နိပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့်ဆန် (၁၁၂၅)အိတ်၊(၇၅)ပြည်၊ (၈)ဗူးဖြစ်ပြီး ဘူးသီးတောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၇)ခုတွင်တိုက်ပွဲရှောင် ပြည်သူအိမ်ထောင်စု(၁၆၄၅)စု၊ လူဦးရေ(၇၇၃၆)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

လှကျော်(ပြန်/ဆက်)