သာစည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြော

သာစည် ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက် နေ့လယ်၂ နာရီက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးသဲကိုထွန်းက အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားမှုများအကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမဖြစ်စေရန် လိုက်နာနေထိုင်ရန်အချက်များ၊  အမျိုးသမီးများအပေါ် အကြမ်းဖက် မှုများနှင့်ပတ်သက်သော ဥပဒေများနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောသည်။ ဆက်လက်ပြီး  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ကြည်ကြည် က အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ခွဲများအကြောင်းတို့ကို အသိပညာပေးပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသူ လေးများကို လက်ဆောင်ပစ္စည်းများပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)