ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပန်းတောင်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ပန်းတောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိသော မြို့အဝင်ဆိုင်းဘုတ်အား ကြည့်ရှုစစ်ဆေး၍ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရန်လင်းအောင်မှ မြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေအား Power Point ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက်ရှိ မြို့မစျေးနှင့် ပန်းတောင်း ပန်းခြံအား ကြည့်ရှုစစ်ဆေး၍ စည်ပင်ရပ်ကွက်တွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် လျှပ်စစ်ထရန်စဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တောင်ဘွေကျေးရွာအုပ်စု ပဲကြီးအင်းကျေးရွာတွင် ကမ်းပါးပြိုကျနေမှုအခြေအနေ၊ သဲတောကျေးရွာ အ.မ.က (သဲတော) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အခြေအနေ၊ ရွှေဘုံသာကျေးလက်ဆေးပေးခန်း ဆောက်လုပ်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)