သဲကုန်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကြက်ခြေနီ ရှေးဦးစွာပြုစုခြင်း ဘာသာရပ်များဆွေးနွေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်း ကျောင်းသဲကုန်းမှ ကျောင်းအုပ်ကိုယ်စား တာဝန်ခံဆရာမက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ကျော်က ကြက်ခြေနီရှေးဦးပြုစုခြင်း ပညာရပ်များ၊ ပုတီးကုန်းကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမိုးဝင်းက အသက်ရူအားကူနည်း၊ ပတ်တီးစည်းနည်းများအား လက်တွေ့သရုပ်ပြ သင်ကြားပြသခဲ့ပြီး ကလေးငယ်များအား ရှေးဦးပြုစုနည်းများကို ဆွေးနွေးပြောကြား ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)