အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ထိုင်ဝမ်ဖူး‌စားပြောင်းကို ချောင်ရေးနှင့် မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဈေးပိုရောင်းရ၍ အဆင်ပြေ လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Dec 09,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ပြည်နယ်အဆင့် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး ဆပ်ကော်မတီနှင့်အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ ဂဟေဆက်သင်တန်း(၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၈)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်အမှာစကားပြော ကြားသည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင် ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Dec 08,2022
မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို မြဝတီမြို့၊ အောင်မြင်ရွှေဘုံ မူလတန်းကျောင်းနှင့် မြေနီကုန်းမူလတန်းလွန်ကျောင်းတို့တွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ကြောင်းသိရသည်။
Dec 08,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သထုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက သဲကုန်းနှင့်အထကခွဲ ကတွန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ စပါးမျိုးသန့်စိုက်ပျိုးသောတောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာများအား သတ် မှတ်ဈေးနှုန်းဖြင့် နောက်ဆုံးအကြိမ် ရောင်းချပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။