အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေး စက်(MEVM)များကို လက်တွေ့ကိုင်တွယ်အသုံးပြုနည်းသင်တန်းတက်ရောက်နိုင်ရေး အစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မိုးအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(ကျားကွင်း)ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ငှက်ဖျားကူးစက်မှုများပြားသောကျေးရွာများသို့ကွင်းဆင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်က အလယ်ချောင်းကျေးရွာနှင့် စီကျေးရွာတို့တွင် ငှက်ဖျားပိုးကူးစက်မှု ရှိ မရှိ ရွာလုံးကျွတ်သွေးဖောက်စစ်ဆေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြသည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင် တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင်  ယနေ့နံနက် (၉) နာရီအချိန်က အင်္ဂလိပ်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ရှုခင်းသာလမ်းရှိ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ပရဟိတအသင်းအဖွဲ့များအား  မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 17,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်)သမဝါယမကဏ္ဍမှ ထားဝယ်မြို့နယ်အတွင်းရှိ လယ်ဧက (၁၅၅၄)အတွက် ငွေကျပ်သိန်း(၃၁၀၈)နှင့် ညီမျှသောမျိုးစပါး/ သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။