ဖျာပုံမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ဖျာပုံ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) နှင့် မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဥ်မောင်းနှင်ကြသူများအား ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို့ ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) ရီအချိန်က မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။

အဆိုပါ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦး၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထက်၊ ဖျာပုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူး -၃ ဦးဝင်းထွန်းနိုင်၊ အမှတ် (၈၀)ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) ဒုရဲအုပ်ဝိုင်းအောင်ချစ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းသွားလာလျက်ရှိသော မော်တော်ဆိုင်ကယ် စီးသူများလိုက်နာရန် စည်းကမ်းချက်များနှင့်ဆောင်ရန်/ ရှောင်ရန်စည်းကမ်းများအား မြို့နယ်အတွင်း လမ်းဆုံလမ်းဂွများ၊မြို့ဝင်၊မြို့ထွက်နေရာများတွင် လိုက်လံအသိပညာပေး ဟောပြောဆောင်ရွက်ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)