အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသား ကျောင်းသူများ နောက်ဆုံးနှစ်ဝက်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ အသေးစား MSME လုပ်ငန်းများအား အဆင့်မြှင့်တင်ထုတ်လုပ်သွားနိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်ရာ MSME လုပ်ငန်းတစ်ခုဖြစ်သည့် ဖြူးမြို့နယ်၊ ဂေါ်ဖီခြံရပ်ကွက်၊ လမ်း(၃၀)အတွင်းရှိ မြေပဲယိုလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းလေ့လာ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။
Feb 22,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
Feb 22,2023
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက်(၉)နာရီက စတင်၍ ပျော်ရွင်စွာ ဖြေဆိုလျက်ရှိသည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Feb 22,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade(5) စာမေးပွဲနှင့် Grade(9) စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ဖြေဆိုလျက်ရှိသည်။
Feb 22,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက်၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Feb 22,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲကိုယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။