Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေး ပွဲစတင်ဖြေဆို
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade - 5) နှင့် အဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံ ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သည် နိုင်ငံတော်၏ အဓိကသီးနှံ (၁၀)မျိုးအနက် ကြံသီးနှံမှလွဲ၍ ကျန်သီးနှံကိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆောင်းသီးနှံ ဂျုံကို နှစ်စဉ်ဧကတစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ဂျုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Feb 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည့်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည် စာပေများအဖြစ် အသုံးချတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ လာရောက်ထုတ်ယူ
Feb 22,2023
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်မှ (၁၈)ရက်ထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည်ဖြစ်ရာ ပဲခူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့မှစတင်၍ ပဲခူးမြို့ အ.ထ.က(၁)ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပရိယတ္တိသာသနပါလ စာမေးပွဲဖြေ ရှင်သာမဏေများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့နယ်ကျက်သရေဆောင် ဆွမ်းလောင်းဓမ္မာရုံကြီးတွင် ဖေဖော်ဝါရီ(၁၉)ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီ(၂၃)ရက်နေ့အထိ (၄၃)ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသန ပါလ စာမေးပွဲကျင်းပပြုလုပ်ရာ ယနေ့(၄)ရက် မြောက်နေ့တွင် စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေ ရှင်သာမဏေ(၁၆၉)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူး သိန်းထွေးမွန်၊ ရဲမှူး မျိုးအောင်ထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့မှ နေ့ဆွမ်းများနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၈၁)ဦးအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Feb 22,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် လာရောက်ထုတ်ယူ
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ အထက(၁)ညောင်လေးပင်စာစစ်ဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် (အ.ထ.က) ပေါင်စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၁၃) ဦး ဝင်ရောက်ဖြေဆိုမည်
Feb 22,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ပေါင် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၄၁၃) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13357
Page
13358
Page
13359
Page
13360
Current page
13361
Page
13362
Page
13363
Page
13364
Page
13365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department