"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံး စာမေးပွဲများကို ဖြေဆို

ဟိုပန် ဖေဖော်ဝါရီ ၂၂

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက်(၉)နာရီက စတင်၍ ပျော်ရွင်စွာ ဖြေဆိုလျက်ရှိသည်။

ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုခဲ့ကြပြီး အခြေခံပညာ Grade-5 တန်းတွင် စာဖြေဌာန(၃၃)ခုဖြင့် ကျောင်းသား(၃၃၆)ဦး၊ ကျောင်းသူ(၃၃၂)ဦး၊ စုစုပေါင်း (၆၆၈)ဦး၊ ဖြေဆိုခဲ့ကြကာ ၈၂.၉၈ ရာခိုင်နှုန်းနှင့် Grade-9 (အဌမတန်းသင်ရိုးဟောင်း)အတန်းတွင် စာဖြေဌာန(၅)ခုဖြင့် ကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၈၅)ဦး၊ စုစုပေါင်း (၁၅၀)ဦး ဖြေဆိုခဲ့ကာ ၉၃.၁၇ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြသည်။

အဆိုပါ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့မှစတင်၍ မတ်လ(၁) ရက်နေ့အထိ သက်ဆိုင်ရာ အခြေခံပညာစာသင်ကျောင်း စာဖြေဌာနများ၌ ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)