အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade - 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖြေဆိုလျက်ရှိသည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9)နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီချိန်မှ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ‌ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌သည်။
Feb 22,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယ​နေ့​ နံနက်(၁၀)နာရီချိန်က “အားကစားနှင့်ကာယပညာ(သိပ္ပံ)​ကျောင်း” အ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
Feb 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၆)သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်နည်းလမ်းများကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
Feb 22,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ကလေးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ ညနေပိုင်းက လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်မြို့ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။